Friday, June 21, 2013

G-Mail အကောင့်ဖောက်နည်းအသစ်





ဒီပို့ စ်လေးကိုကျွှန်တော်ရေးပေးတဲ့ ရည်ရွယ်ချက်ကလဲ ကျွန်တော်ဒို့ မြန်မာ နိုင်ငံမှာ အသိပညာ နည်းပါးပြီး
သူများကို အားကိုးနေရလို့ မကုန်သင့်တဲ့ ငွေကြေးပမာဏတွေ မကုန်ကျအောင်လို့ ရေးပေးလိုက်တာပါ။ စီးပွားရေးရှာသူတွေကတော့ ကျွန်တော့ကို တော်တော်လေး အမြင်ကတ်လောက်မှာပါ။ ဒါပေမဲ့ အဆင်ပြေရင်ဘဲ ကျေနပ်ပါပြီ … အခုအကောင့် ဖောက်နည်းက အရင်တုန်းက G-Mail အကောင့် ဖောက်ရတာထက် လွယ်ပါတယ် .. ပုံစံလေးတော့ နည်းနည်း ပြောင်းသွားပါတယ် .. ကျွန်တော် အဆင်ပြေအောင် အောက်မှာ တစ်ဆင့်ချင်း ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် .. အရင်ဆုံး အကောင့်တစ်ခု ဖောက်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ဖို့အတွက် ကျွန်တော် အောက်မှာ ပေးထားတဲ့ လင့်လေးကနေ သွားလိုက်ပါ …
အပေါ်က လင့်အတိုင်းသွားပြီးပြီး ဆိုရင်တော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားသလို အဆင့်ဆင့် သွားပြီး အလွယ်တကူ လုပ်ယုံပါပဲ ..
ကျွန်တော် အောက်မှာ နမူနာ ပုံစံ ဖြည့်ပြထားပါတယ် .. ဖြည့်ပြီး သွားပြီဆိုရင်တော့ Next Step ပေးလိုက်ပါ  ..
အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Get started ကိုဆက်ပြီး နှိပ်လိုက်ပါ ..
အောက်ကပုံအတိုင်း G00gle Home Page ကိုရောက်သွားပြီ ဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း G-Mail ကို Click ပေးလိုက်ပါ ..
အောက် ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်  Continue tore new look ကို ဆက်ပြီး Click ပေးလိုက်ပါ ..
ဒါဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ G-Mail အကောင့် တစ်ခုကို လွယ်လွယ် ကူကူနဲ့ ဖောက်လို့ ရသွားပါလိမ့်မယ် ..

<<<မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>

No comments:

Post a Comment